Coeliac Disease
26-Oct-2016
. ဘေလုံး၏ လုပ်ဆောင်မှုစွမ်းရည် ကျဆင်းလာခြင်း
. အက်ဆစ်များ လျှံတက်လာကာ ရင်ပူခြင်း အစရှိသည်တို ့ကို ဖြစ်စေနိုင်ပါသည်။
Coeliac disease သည် ကလေးများတွင်လည်း ဖြစ်ပွားနိုင်ပြီး အဝလွန်သောကလေးများတွင် ပိုအဖြစ်များပါသည်။ လက္ခဏာများအနေဖြင့် နာတာရှည် ဝမ်းလျှောခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ နာကျင်ခြင်းနှင့် ကိုယ်အလေးချိန်နှင့် ကြီးထွားမှုနှုန်း ကျဆင်းလာခြင်းတို ့ဖြစ်စေနိုင်ပါသည်။
ဖြစ်ပွားရသောအကြောင်းရင်း
Coeliac disease ဖြစ်ပွားရသောအကြောင်းရင်းကိုအတိအကျ မသိရှိသေးသော်လည်းအစားအသောက်တွင် ပါသော Gluten ကိုခုခံအားမှ အလွန်အကျွံ တုံ့ပြန်သောကြောင့် အူသိမ်ထဲတွင် ရှိသော Villi ခေါ် အူနံရံ အတွန့်ငယ်လေးများကို ပျက်စီးသွားစေသောကြောင့်ဟု ယူဆထားကြပါသည်။ ထိုသို ့ပျက်စီးသွားသောကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များ လုံလောက်အောင် မစုပ်ယူနိုင်တော့ဘဲ ရောဂါ ဖြစ်လာခြင်း ဖြစ်သည်။
နောက်ဆက်တွဲ ပြဿနာများ
Coeliac disease ကိုမကုသဘဲထားပါက
- အာဟာရချို ့တဲ့လာခြင်း
- ကယ်လ်ဆီယမ်နှင့် အရိုးသိပ်သည်းဆလျော့နည်းလာကာ အရိုးပျော့ရောဂါနှင့် အရိုးပွရောဂါများ ဖြစ်လာခြင်း
- ကလေးမရခြင်းနှင့် ကိုယ်ဝန်ပျက်ကျလွယ်ခြင်း
- Lactose ဓာတ်ကိုမခံနိုင်ဖြစ်ခြင်း
- ကင်ဆာရောဂါများဝင်ရောက်လာခြင်းများပင် ဖြစ်နိုင်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ
Coeliac disease ရောဂါသည် မကုသဘဲထားပါကပို၍ ဆိုးလာနိုင်သည့်အတွက် လက္ခဏာများစတင်ခံစားရသည်နှင့် တပြိုင်နက် နီးစပ်ရာဆေးရုံဆေးခန်းသို ့သွားရောက်ပြသသင့်ပါသည်။
ရောဂါ ရှာဖွေခြင်း
ရောဂါဇာစ်မြစ်အားမေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် တိကျသောရောဂါ အဖြေရရှိနိုင်ရန် သွေးထဲတွင် Antibody ပေါ်မပေါ် စစ်ကြည့်ခြင်း၊ မှန်ပြောင်းကြည့်ခြင်းနှင့် Capsule Endoscope ခေါ် ကင်မရာပါသောဆေးတောင့်အားမျိုချ၍ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
Coeliac disease ကိုကုသရန်မှာ Gluten မပါသောအစာ (Gluten-free diet) များစားပေးခြင်းဖြင့်သာ ကုသရမည်ဖြစ်သည်။ ထိုသို ့Gluten ပါသောအစာများ ရှောင်ရှားသည်နှင့် အူရောင်ခြင်းလည်း ရက်သတ္တပတ်များအတွင်းမှာပင် သက်သာလာနိုင်ပါသည်။ အူရောင်ခြင်းလုံးဝပြန်ကောင်းရန်နှင့် Villi များ ပြန်ပေါက်လာရန် ရက်သတ္တပတ်မှသည် နှစ်ပေါင်းများစွာထိ ကြာနိုင်ပါသည်။
ကာကွယ်ခြင်း
Coeliac disease ကိုမဖြစ်စေရန် ကာကွယ်ခြင်းငှာမစွမ်းနိုင်ပါ။ သို ့သော် Coeliac disease ဖြစ်ဖူးသူများအနေဖြင့် Gluten-free diet ကိုစားပေးခြင်းဖြင့် နောက်တစ်ကြိမ် ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
